လူကြီးမိဘတွေ အသက်အရွယ်အိုမင်းလာတဲ့အခါ ဖြစ်လာတတ်လေ့ရှိကြတဲ့ မှဏ်ဉာဏ်အားလျော့နည်းလာတာမျိုးတွေ၊ သတိမေ့ရောဂါမျိုးတွေဟာ နှလုံးကျန်းမာရေးနဲ့ တစ်စိတ်တစ်ပိုင်းသက်ဆိုင်နေတယ်လို့ အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်းရဲ့ လေ့လာတွေ့ရှိချက်တွေအရသိရှိရပါတယ်။
နှလုံးခုန်စည်းချက်မမှန်ခြင်း၊ ရုတ်တရက်နှလုံးခုန်ရပ်ခြင်းနှင့် နှလုံးသွေးကြောကျဥ်းရောဂါတွေဟာ မှဏ်ဉာဏ်အားလျော့နည်းလာခြင်းနှင့် သတိမေ့ရောဂါဖြစ်နိုင်ချေတွေကို မြင့်တက်စေတာကြောင့် ငယ်ရွယ်စဥ်အခါကပင် နှလုံးကျန်းမာရေးကို ဂရုတစိုက်ကာကွယ်ထားသင့်တယ်လို့ ဆိုပါတယ်။
(၁) ကလေးသူငယ်များအတွက် နှလုံးရောဂါများနဲ့ပက်သက်ပြီး မျိုးရိုးလိုက်ခြင်းရှိမရှိစစ်ဆေးပေးခြင်း
(၂) လူငယ်အရွယ်မှစ၍ အစားအသောက်အနေအထိုင်ဆင်ခြင်ကာ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်း
(၃) လူကြီးများအနေနဲ့ နှလုံးရောဂါလက္ခဏာများကိုစတင်ခံစားလာရပါက အမြန်ဆုံးကုသမှုခံယူခြင်း
(၄) သက်ကြီးရွယ်အိုများ၏ နှလုံးရောဂါဝေဒနာများကို ပုံမှန်စောင့်ရှောက်ကုသမှုများ ပြုလုပ်ပေးခြင်း
စသဖြင့်အသက်အရွယ်အလိုက် ဆင်ခြင်လိုက်နာပေးခြင်းဟာ နှလုံးနဲ့ပက်သက်သော ရောဂါဝေဒနာများကိုလျော့နည်းသက်သာစေပြီး မှတ်ဉာဏ်အားလျော့နည်းလာခြင်းနဲ့ သတိမေ့ရောဂါဖြစ်နိုင်ချေတွေကိုလည်း လျော့ကျစေကြောင်းမှတ်သားသိရှိရပါတယ်။