(၁) အချဥ်ဓာတ်ရှိတဲ့ အသီးအနှံများ
လေ့လာတွေ့ရှိချက်တွေအရတော့ တစ်နေ့ကို လိမ္မော်သီး ၄ လုံးခန့် ပုံမှန်စားသုံးပေးမယ်ဆိုရင် သွေးတိုးခြင်းကို ထိန်းညှိပေးနိုင်ပါတယ်။
(၂) အစိမ်းရောင် အသီးအရွက်များ
ပိုတက်ဆီယံ နဲ့ မက်ဂနီဆီယံဓာတ်များကြွယ်ဝတဲ့ အစိမ်းရောင်အသီးအရွက်တွေဟာဆိုရင် သွေးတိုးကျဆင်းစေတဲ့အာနိသင်တွေရှိတာကြောင့် ပုံမှန်စားသုံးသင့်တဲ့အထဲမှာ ထိပ်ဆုံးကပါဝင်နေပါတယ်။
(၃) ပန်းဂေါ်ဖီစိမ်း
အမျိုးမျိုးသောကျန်းမာရေးအကျိုးကျေးဇူးများရှိကြောင်း နာမည်ကြီးလှတဲ့ပန်းဂေါ်ဖီစိမ်းဟာဆိုရင် သွေးတိုးရောဂါအတွက်လည်း အလွန်အာနိသင်ရှိတာကြောင့်မို့လို့ ပုံမှန်စားသုံးပေးသင့်ပါတယ်။
(၄) မုန်လာဥနီ
ကြွပ်ရွပြီးအရသာရှိတဲ့ မုန်လာဥနီတွေဟာဆိုရင် အမျှင်ဓာတ်ကြွယ်ဝရုံသာမက သွေးတိုးကျဆင်းစေတဲ့အာနိသင်တွေပါ ရှိတာကြောင့်ဖြစ်လို့ ပုံမှန်စားသုံးပေးသင့်ပါတယ်။
(၅) ခရမ်းချဥ်သီး
ခရမ်းချဥ်သီးတွေမှာပါဝင်တဲ့ ဓာတ်တစ်မျိုးဟာဆိုရင်ဖြင့် သွေးတိုးရောဂါဖြစ်နိုင်ချေကို လျော့ချပေးနိုင်စွမ်းရှိတာကြောင့် သွေးတိုးရောဂါရှိသူတွေသာမက ကြိုတင်ကာကွယ်ချင်သူတွေပါ ပုံမှန်စားသုံးပေးနိုင်ပါတယ်။
(၆) ဒိန်ချဥ်
လေ့လာတွေ့ရှိချက်တွေအရတော့ ဒိန်ချဥ်ကဲ့သို့သောနို့ထွက်ပစ္စည်းတွေကို ပုံမှန်စားသုံးပေးခြင်းဟာ သွေးတိုးမြှင့်တက်နိုင်ချေကို ၂၀ ရာခိုင်နှုန်းအထိတောင် လျော့ချပေးနိုင်စွမ်းရှိပါတယ်။
(၇) အာလူး
အခွံမခွာဘဲပြုတ်ထားတဲ့ ပုံမှန်အရွယ်အစားရှိအာလူးတစ်လုံးဟာ ပိုတက်ဆီယံဓာတ် ၉၄၀ မီလီဂရမ်တောင်ပါဝင်တာကြောင့် သွေးတိုးရောဂါရှိသူတွေ ပုံမှန်စားသုံးပေးသင့်တဲ့အထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။