ဒီနေ့ July လ ၁၃ ရက်၊ ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံမှာကျင်းပခဲ့တဲ့ GGI Nippon Life အသက်အာမခံရဲ့ Joy Club Running Program မှာ GGI Nippon Life ရဲ့ Member များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
“Run for Joy, Joy for Health”
ဆိုတဲ့ခေါင်းစဉ်အတိုင်းပဲ အပြေးအားကစားနဲ့ ပိုမိုကျန်းမာပျော်ရွှင်သောဘဝကိုတည်ဆောက်ရင်း GGI Nippon Life ရဲ့ Memberများအကြား ချစ်ခင်ရင်းနှီးမှုလည်း ပိုမိုတိုးပွားခဲ့ပါတယ်။
ဒီတစ်ခေါက်ကျင်းပခဲ့တဲ့ Running Program မှာယခင်ကနဲ့မတူပဲပထမဦးဆုံး 3km အကွာအဝေးမှာပန်းဝင်ခဲ့ကြတဲ့ အမျိုးသား Runner ၅ ဦးနဲ့ အမျိုးသမီး Runner ၅ ဦးတို့ကို အမှတ်တရဆုလက်ဆောင်များလည်း ချီးမြှင့်ခဲ့ပါသေးတယ်။
GGI Nippon Life ရဲ့ Joy Club Running Program မှာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ GGI Nippon Life Member တွေရဲ့ အမှတ်တရပုံရိပ်တွေကို အခုလိုပဲဝေမျှပေးလိုက်ရပါတယ်။
