ကျွန်ုပ်တို့ GGI Nippon Life ၏ ခံယူချက်မှာ အသက်အာမခံ ဝန်ဆောင်မှုသီးသန့်ပေးရုံတင်မဟုတ်ဘဲ အာမခံထားရှိသူတစ်ဦးချင်းစီ၏ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာနေအောင် တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ပေးနိုင်ရန်ကြိုးစားလုပ်ဆောင်ရမည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် GGI Nippon Life Joy Club ကိုဂုဏ်ယူစွာဖြင့် စတင်မိတ်ဆက်လိုက်ပါပြီ။ ဤအစီအစဉ်သည် ကျန်းမာရေးနှင့် ကိုယ်လက်လှုပ်ရှား အားကစားအပြုအမှူများကို အခြေခံထားသော လူနေမှုဘဝအစီအစဉ်တစ်ခုဖြစ်ပြီး သင့်အား တက်ကြွလှုပ်ရှားနေစေအောင်၊ စိတ်ဖိစီးမှုလျော့ချစေအောင်၊ အားကစားဝါသနာတူသောသူများနှင့် ချိတ်ဆက်နိုင်အောင် အစရှိသည်တို့တွင် အထောက်အကူပြုစေရန်ရည်ရွယ်ပါသည်။