
ကျွန်ုပ်တို့ GGI Nippon Life မှ အာမခံထားရှိသူများနှင့် လက်တွဲလျက်ရှိသော ဆက်ဆံရေးသည် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကြောင့်သာမဟုတ်ဘဲ ပိုမိုနက်နဲသော ချစ်ကြည်ရေးအပေါ် အခြေခံထားသည်ဟု ယုံကြည်ပါသည်။ သင်၏ စိတ်နှလုံးနှင့် ကိုယ်ခန္ဓာကျန်းမာရေးကို မြတ်နိုးတန်ဖိုးထားရုံသာမက ဘဝခရီးလမ်းတစ်လျှောက် ယုံကြည်အားထားနိုင်သော အကာအကွယ်အထောက်အပံ့တစ်ခု ဖြစ်နေချင်ပါသည်။ ထို့ကြောင့် GGI Nippon Life Running Program ကိုဂုဏ်ယူစွာဖြင့် စတင်မိတ်ဆက်လိုက်ပါပြီ။ ဤအစီအစဥ်သည် သင့်အား စဉ်ဆက်မပြတ် လှုပ်ရှားနေစေဖို့၊ အားတက်နေစေဖို့၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ဆက်နွယ်နေစေဖို့ ရည်ရွယ်သည့် ကျန်းမာရေးအစီအစဉ်တစ်ခုဖြစ်တာကြောင့် အခုပဲစာရင်းသွင်းလိုက်ပါ...