April လ (၂) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ World Autism Awareness Day မှာ GGI Nippon Life မိသားစုက Autism ကျောင်းရဲ့ ကလေးငယ်လေးတွေနဲ့အတူ Oriental House(Yangon) မှာ ပျော်ရွှင်စရာ အမှတ်တရအချိန်လေး ဖန်တီးဖြစ်ခဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါပြီ။
ကလေးငယ်လေးတွေရဲ့ အပြုံးအပျော်လေးတွေကနေ ပီတိတွေ အားလုံးဆီကို ကူးစက်ခံစားမိလာတာနဲ့အမျှ ကျွန်တော်တို့ အနားမှာရှိနေတဲ့ ကလေးငယ်တိုင်းရဲ့ မတူညီတဲ့ ထူးခြားမှုတွေ၊ အရည်အချင်းတွေကို အားလုံးအတူတူ ဝိုင်းဝန်းပံ့ပိုးရင်း GGI Nippon Life နဲ့အတူတူ ပိုမိုကောင်းမွန်တဲ့ အသိုက်အမြုံတစ်ခုကို တည်ဆောက်လိုက်ကြရအောင်လားခင်ဗျာ။
