GGI Nippon Life ၏ (၁၁) ခုမြောက် ရုံးခွဲသစ်ဖြစ်သော ဟင်္သာတရုံးခွဲ ဖွင့်ပွဲအခမ်းအနားကို Lucky Draw အစီအစဉ်များ၊ ပျော်ရွှင်ဖွယ် အမှတ်တရများနှင့်အတူ စည်းကားသိုက်မြိုက်စွာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပေးကြသော ဧည့်သည်တော်များအားလုံးကို GGI Nippon Life မိသားစုမှ လှိုက်လှဲစွာ အထူးကျေးဇူးတင်ရှိပါသည်။
အထူးကျေးဇူးတုံ့ပြန် မဲဖောက်ပေးခြင်း အစီအစဉ်
ရုံးခွဲသစ်ဖွင့်လှစ်သည့် အထိမ်းအမှတ်အဖြစ် ဖွင့်ပွဲနေ့မှစ၍ အောက်တိုဘာလကုန်အထိ ဟင်္သာတရုံးခွဲတွင် အသက်အာမခံ ဝယ်ယူသူများအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် အောက်ပါဆုလက်ဆောင်များကို မဲဖောက်ပေးသွားမည် ဖြစ်ပါသည် –
- 43″ TV
- DC Air Cooler
- Induction Cooker
- Samsonic Rice Cooker အပါအဝင် အခြားဆုလက်ဆောင်များစွာ
မိမိ၏ ဘဝအတွက် အာမခံချက်ရှိသော အကာအကွယ်ယူရင်း ထူးခြားဆန်းပြားသည့် ဆုလက်ဆောင်များကို ကံထူးနိုင်ရန် ဟင်္သာတရုံးခွဲသို့ လာရောက်အားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
