ကျွန်တော်ကတော့ မာနိုရန်ဂျန်ဆာဟူး ပါ။ ကျွန်တော်တို့ GGI Nippon Life ရဲ့ Joy Club Running Program မှာ GGI Nippon Life ရဲ့ Member တွေအားလုံးကို ကျွန်တော်တို့နဲ့အတူပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အဖွဲ့လိုက်ပြေးရတာဖြစ်လို့ GGI Nippon Life ရဲ့ Member တွေအချင်းချင်း ပိုမိုရင်းနှီးမှုရရှိစေမှာဖြစ်တဲ့အပြင် ပြိုင်ပွဲမဟုတ်ဘဲ အားကစားလှုပ်ရှားမှုတစ်ခုအနေနဲ့ ကျင်းပသွားမှာဖြစ်လို့ ပျော်ပျော်ပါးပါးနဲ့ စိတ်ဖိစီးမှုမရှိစေရဘဲ ပါဝင်သွားလို့ရမှာပဲဖြစ်ပါတယ်။ ပြေးရမယ့်အကွာအဝေးကလည်း 3km ပဲဆိုတော့ အဝေးကြီးမဟုတ်တဲ့အတွက် ပြေးရင်းနားရင်းနဲ့ ကိုယ့်ရဲ့ပန်းတိုင်ကိုအရောက်လှမ်းနိုင်မယ့် အကွာအဝေးတစ်ခုပါ။ ဒါကြောင့် GGI Nippon Life ရဲ့ Member တွေအားလုံး အောက်ဖော်ပြပါ link မှာမိမိရဲ့ GGI Nippon Life အသက်အာမခံ ပေါ်လစီနံပါတ်ကိုဖြည့်သွင်းပြီး စာရင်းပေးသွင်းလိုက်တော့နော်။
ကျင်းပမည့်ရက် – 15.6.2025 (Sunday)
ကျင်းပမည့်အချိန် – 6:30 AM to 9:30 AM
ကျင်းပမည့်နေရာ – ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံ
မနက်စာတည့်ခင်းဧည့်ခံမည့်နေရာ – Kandawgyi Royal Garden Restaurant
စာရင်းပေးသွင်းရန် Link – https://gginipponlife.com/joy-club-registration-form/
