မတ်လ (၂၈) ရက်နေ့တွင် စတင်လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ် ကြောင့် ထိခိုက်နစ်နာခဲ့သည့် ဒေသရှိ GGI Nippon Life Insurance ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ ဘေး ရန်ကင်းစွာ နေထိုင်နိုင်စေရန် ရည်ရွယ်ပြီး ယာယီနေရာ၊ရေ၊မီး ၊အစားအစာ နှင့် ဆေးဝါးလိုအပ်ချက်များ ဖြည့်ဆည်းစောင့်ရှောက်စီစဉ် ထားပါသည်။
GGI Nippon Life Insurance ၏ Customer များအတွက် ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရန် Disaster Response Team မှ Help Line များသီးသန့်သတ်မှတ် စီစဉ်ထားရှိပြီး (၂၄) နာရီ ပိတ်ရက်မရှိ ဝန်ဆောင်မှုများပေးလျှက်ရှိသည့်အပြင် အသက်အာမခံထားရှိသော Customer များကိုလည်း Disaster Response Team မှ အဆက်မပြတ် ဦးဆောင် ဖုန်းခေါ်ဆို၍ လိုအပ်ချက်များ မေးမြန်းကာ Customer များရှိရာသို့ဦးဆောင် သွားရောက် ကူညီမှုပေးခြင်း၊ အသက်အာမခံလျော်ကြေးငွေများ Customer များထံအရောက် အမြန်ဆုံး သွားရောက်ပေးအပ်ခြင်းများ ဆောင်ရွက်လျှက်ရှိပါသည်။
GGI Nippon Life အနေဖြင့် ငလျင်ဒဏ်ဘေးသင့် မိဘပြည်သူများအတွက် အမြဲတစေ အစွမ်းကုန် လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး customer များနှင့်အတူတကွအခက်အခဲများ ကျော်လွှားသွားမည် ဖြစ်ပါသည်…