ကမ္ဘာ့အသည်းရောင်အသားဝါနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် Nutritionist Doctor တစ်ဦးဖြစ်တဲ့ Dr. Ye Yint နဲ့ GGI Nippon Life တို့ပူးပေါင်းပြီး အသည်းကျန်းမာရေးနဲ့ပတ်သက်တဲ့ နေထိုင်စားသောက်မှုတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ (၂၇) ရက်နေ့၊ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြပါတယ်။ Dr. Ye Yint ကနေ အသည်းကျန်းမာရေးအတွက် စားသောက်နေထိုင်ရမယ့်နည်းလမ်းများကိုဝေမျှပေးခဲ့ပြီး ကြည့်ရှုသူပရိသတ်များ မေးမြန်းခဲ့တဲ့မေးခွန်းတွေကို online နဲ့ offline နှစ်မျိုးစလုံးကနေပြန်လည်ဖြေကြားပေးခဲ့ပါတယ်။ ဒါ့အပြင် ကြည့်ရှုသူပရိသတ်များအတွက် Lucky Draw အစီအစဉ်များလည်းထည့်သွင်းပေးခဲ့ပြီး အခုလာမယ့် ဇူလိုင်လ (၂၉) ရက်နေ့မှာ Lucky Draw တွေကို ပြန်လည်ရွေးချယ်ပေးသွားဦးမှာပဲဖြစ်ပါတယ်။ ကြည့်ရှုသူပရိသတ်များအားလုံးလည်း စိတ်ချမ်းသာလို့ကိုယ်ကျန်းမာပြီး ကောင်းမွန်ကျန်းမာတဲ့အသည်းတစ်စုံကိုပိုင်ဆိုင်ပါစေကြောင်း ကျွန်တော်တို့ GGI Nippon Life မိသားစုမှ ဆုမွန်ကောင်းတောင်းပေးရင်း ပွဲစဉ်တစ်လျှောက်ပုံရိပ်တွေကို မျှဝေပေးလိုက်ရပါတယ်။