ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၅) ရက်နေ့မှာ GGI Nippon Life မိသားစုရဲ့ လူမှုအကျိုးပြုလုပ်ငန်း (CSR) တစ်ခုအဖြစ် “Save the Aged” သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးပရဟိတအသင်းသို့ သွားရောက်ကာ မေတ္တာဝေဖြာ လှူဒါန်းခဲ့ကြပါတယ်။
ထူးခြားတဲ့ အစီအစဉ်တစ်ခုအနေနဲ့ အဘိုးအဘွားတွေရဲ့ အမြင်အာရုံ ကြည်လင်တောက်ပစေဖို့အတွက် ISEC (International Specialist Eye Centre) မှ ကျွမ်းကျင်ပညာရှင်များက မျက်စိစမ်းသပ်စစ်ဆေးပေးခြင်းနှင့် လိုအပ်သည့် မျက်မှန်များကို လှူဒါန်းပေးခဲ့ကြရာ အဖိုးအဖွားများအတွက် တကယ့်ကို ထိရောက်အကျိုးရှိစေတဲ့ ကုသိုလ်ဒါနတစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဘိုးဘွားတို့ရဲ့ နေ့စဉ်လူမှုဘဝ အဆင်ပြေချောမွေ့စေဖို့အတွက် ဆေးအိတ်များ၊ Water Boiler နှင့် Water Dispenser များ၊ ကောဇော၊ ပန်းကန် နှင့် တိုင်ကပ်နာရီ အစရှိတဲ့ အသုံးအဆောင်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပြီး၊ တစ်နေ့တာ အာဟာရဒါန ကျွေးမွေးလှူဒါန်းခြင်းများကိုလည်း စေတနာအပြည့်နဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။
အလှူတခုပြုလုပ်ရုံသာမကပဲ ဘိုးဘွားများ စိတ်ရွှင်လန်းစေဖို့အတွက် သီချင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြတာကြောင့် ဘိုးဘွားတွေရဲ့ ပျော်ရွှင်ကြည်နူးနေတဲ့ ပုံရိပ်လေးတွေနဲ့ သူတို့ရဲ့ အပြုံးတွေကို မြင်တွေ့ရတာဟာ ကျွန်တော်တို့ GGI Nippon Life မိသားစုဝင်အားလုံးအတွက်တော့ ရင်ထဲမှာ ဘယ်တော့မှမေ့မှာမဟုတ်တဲ့ အမှတ်တရ ပီတိတစ်ခုပါပဲ။
ဒီလို မွန်မြတ်လှတဲ့ ကောင်းမှုကုသိုလ်တွေကို အားလုံးပဲ အတူတူ ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ဖို့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
