feature-image

စိတ်ကြိုက်စီမံဘဝအာမခံ ဆိုတာဘာလဲ

စိတ်ကြိုက်စီမံဘဝအာမခံဆိုသည်မှာ အနာဂတ်ကို မျှော်မှန်း၍ မိသားစု ဘဏ္ဍာ‌‌ရေး အခက်အခဲကို လုံခြုံစေရန် ဂရုတစိုက်စဥ်းစားခြင်းဖြင့် မိသားစုရပ်တည်မှု အကျိုးခံစားခွင့်ကိုပါ ထည့်သွင်းဖန်တီးထားသော တမူထူးခြားသည့် အသက်အာမခံ အမျိုးအစား ဖြစ်ပါသည်။

ထို့အပြင် ပိုမိုပြည့်စုံသော အကာအကွယ်အတွက် ထပ်ဆောင်းအကာအကွယ်များကိုပါ မိမိလိုအပ်ချက် အလိုက် စိတ်ကြိုက်ဝယ်ယူနိုင်သည့် အာမခံအမျိုးအစားကောင်း တစ်ခုဖြစ်ပါသည်။

အာမခံထားသူ၏အသက်အပိုင်းအခြား
အာမခံထားသူ၏အသက်အပိုင်းအခြား

အသက် (၁၈) မှ (၅၆) နှစ်အထိ

အာမခံဝယ်ယူသူ၏အသက်အပိုင်းအခြား
အာမခံဝယ်ယူသူ၏အသက်အပိုင်းအခြား

အသက် (၁၈) မှ (၇၅) နှစ်အထိ

အာမခံထားနိုင်သည့်သက်တမ်း
အာမခံထားနိုင်သည့်သက်တမ်း

(၉ ) နှစ် မှ (၂၅) နှစ် အထိ

ပရီမီယံသက်တမ်း
ပရီမီယံသက်တမ်း

(၃) နှစ် မှ (၁၈) နှစ်အထိ

အာမခံထားနိုင်သည့် ငွေပမာဏ
အာမခံထားနိုင်သည့် ငွေပမာဏ

အနည်းဆုံး ကျပ် (၅၀) သိန်း မှ (၁၀၀၀) သိန်း ထိထားရှိနိုင်ပါသည်။

အာမခံကြေးပေးသွင်းခြင်း
အာမခံကြေးပေးသွင်းခြင်း

(၁)လ တစ်ကြိမ်၊ (၃)လ တစ်ကြိမ်၊ (၆)လ တစ်ကြိမ်၊ (၁)နှစ် တစ်ကြိမ်

အဓိက အကျိုးခံစားခွင့်များ

  • ငွေကြေး အကျိုးခံစားခွင့် – ပရီမီယံကြေးအား ပေးသွင်းရမည့် ပရီမီယံ သက်တမ်းစေ့သည် အထိပေးသွင်းပြီးနောက် (သို့မဟုတ် ) ပရီမီယံကင်းလွတ်ခွင့် ရရှိပြီးနောက် ငွေကြေး အကျိုး ခံစားခွင့်အား ထုတ်ပေးမည်ဖြစ်သည်။ ရရှိမည့် အကြိမ်ရေအား (၂) ကြိမ်၊ (၄) ကြိမ်၊ (၅) ကြိမ်၊ (၈) ကြိမ် နှင့် (၁၀) ကြိမ် အနေဖြင့်‌ ရွေးချယ်နိုင်ခြင်း။
  • ပရီမီယံကင်းလွတ်ခြင်းအကျိုးခံစားခွင့်  ပေါ်လစီတည်မြဲနေစဥ်အတွင်းအာမခံထားသူ အသက်ဆုံးရှုံးလျှင်ဖြစ်စေ၊ ရောဂါကြောင့်သော်လည်းကောင်း၊ မတော်တဆ ထိခိုက်မှုကြောင့်သော်လည်းကောင်း ထာဝစဥ်မသန်စွမ်းဖြစ်လျှင်ဖြစ်စေ ဆက်လက်ပေးသွင်းရန် ကျန်ရှိနေသော ပရီမီယံအား ပေးသွင်းရန် မလိုဘဲ ကင်းလွတ်ခွင့်ပြုခြင်း။
  • ရှင်သန်မှုအကျိုးခံစားခွင့် – အာမခံထားသူသည် အာမခံသက်တမ်းအတွင်း အသက်မဆုံးရှုံးဘဲ ပေါ်လစီဆက်လက်တည်မြဲနေပါက အာမခံသက်တမ်း (၃)နှစ်ပြည့်သည့်အချိန်တိုင်းတွင် အာမခံထားငွေ၏ ၁၀ % အားရှင်သန်မှုအကျိုးခံစားခွင့် အဖြစ်ရရှိခြင်း။ ရှင်သန်မှုအကျိုးခံစားခွင့်ကို နှစ်စေ့သည့် အချိန်ထိ ထုတ်ယူခြင်းမရှိဘဲ ဆက်လက်ထားရှိနိုင်ပြီး အတိုးနှုန်းအား စုဆောင်းထားနိုင်ခြင်း။
  • မိသားစုရပ်တည်မှု အကျိုးခံစားခွင့် – အာမခံထားသူသည် အာမခံသက်တမ်းအတွင်း ထာဝစဥ်မသန်စွမ်းဖြစ်ခြင်း (သို့မဟုတ်) အသက်ဆုံးရှုံးခြင်း ဖြစ်ပေါ်ပါက အာမခံသက်တမ်းစေ့ သည့်တိုင်အောင် အာမခံပေါ်လစီ နှစ်ပတ်လည်ပြည့်သည့် အချိန်တိုင်းတွင် အာမခံ ထားငွေ၏ ၁၀% အား မိသားစုရပ်တည်မှု အကျိုးခံစားခွင့်အဖြစ် ရရှိနိုင်ခြင်း။

ထပ်ဆောင်းအကာအကွယ် အကျိုးခံစားခွင့်များ

ထာဝစဥ်မသန်စွမ်းခြင်း (သို့မဟုတ်) အသက်ဆုံးရှုံးခြင်း
ထပ်ဆောင်းအကာအကွယ်
အကာအကွယ်
အမျိုးအစား
မတော်တဆမှုကြောင့်
ထာဝစဥ်မသန်စွမ်းဖြစ်ခြင်း
(သို့) အသက်ဆုံးရှုံးခြင်း
ထာဝစဥ်မသန်စွမ်းဖြစ်ခြင်း
(သို့) အသက်ဆုံးရှုံးခြင်း
Silver ၂ x အာမခံထားငွေ အာမခံထားငွေ
Gold ၃ x အာမခံထားငွေ ၂ x အာမခံထားငွေ
Diamond ၄ x အာမခံထားငွေ ၃ x အာမခံထားငွေ
ပြင်းထန်ရောဂါကုသမှု
ထပ်ဆောင်းအကာအကွယ်
သွားနှင့်ခံတွင်း စောင့်ရှောက်မှု
ထပ်ဆောင်းအကာအကွယ်
အမြင်အာရုံစောင့်ရှောက်မှု
ထပ်ဆောင်းအကာအကွယ်
  • ကနဦးအဆင့် ပြင်းထန်ရောဂါ အတွက် အာမခံထားငွေ၏ ၂၅%
  • နှောင်းပိုင်းအဆင့် ပြင်းထန်ရောဂါ အတွက် အာမခံထားငွေ၏ ၁၀၀%
  1. သွားနှင့်ခံတွင်းနာကျင်ခြင်းအတွက် အရေးပေါ်ကုသမှု။
  2. ခံတွင်းစစ်ဆေးခြင်းနှင့် ရောဂါရှာဖွေခြင်း။
  3. သွားများကို သန့်ရှင်းရေးလုပ်ခြင်း နှင့် ချေးချွတ်ခြင်း။
  4. သွားနှင့်ခံတွင်း ဓာတ်မှန်ရိုက်ခြင်း။
  5. သွားနုတ်ခြင်း (မေ့ဆေး/ထုံဆေး အပါအဝင်)။
  6. သွား အပေါက်ဖာခြင်း။
  7. သွားအမြစ်အာရုံကြောကုသမှု။
  8. မတော်တဆမှုကြောင့်ဖြစ်သော အံကပ် (တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အစုံကို) ကနဦးတပ်ဆင်ခြင်း (သို့မဟုတ်) အစားထိုး လဲလှယ်ပေးခြင်း။
  1. မျက်စိ စမ်းသပ်စစ်ဆေးခြင်း နှင့် တိုင်ပင်ဆွေးနွေးခြင်း။
  2. မျက်မှန်တပ်ဆင်ခြင်း။
  3. မျက်စိတိမ် ကုသခြင်း နှင့် ခွဲစိတ်ခြင်း။
  4. မတော်တဆမှုကြောင့်ဖြစ်သော မျက်လုံးခွဲစိတ်မှု။

အဓိက ထူးခြားချက်များ

အာမခံ သက်တမ်းနှင့် ပရီမီယံ သက်တမ်းအား စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း။

ငွေကြေးအကျိုးခံစားခွင့်အကြိမ်ရေအား စိတ်ကြိုက် ‌ရွေးချယ်နိုင်ခြင်း။

မိမိ မရှိတော့သည့် အခြေအနေမျိုး၌ပင် ကျန်ရစ်သူမိသားစုအတွက် အာမခံထားငွေ ၏ ၁၀% ကို သက်တမ်းပြည့်သည်အထိ နှစ်ပတ်လည်တိုင်းတွင် ရရှိနိုင်ခြင်း။

အသေးစိတ်လေ့လာနိုင်ရန်အတွက် လက်ကမ်းစာစောင်ကို ရယူလိုက်ပါ

မေးလေ့မေးထရှိသော မေးခွန်းများ

ပရီမီယံကြေး ကင်းလွတ်ခွင့်အကျိုးခံစားခွင့်အရ မိမိ စိတ်ကြိုက် ဖြည့်စွက်ဝယ်ယူထားတဲ့ ထပ်ဆောင်း အကာအကွယ်တွေကိုပါ ပရီမီယံကင်းလွတ်ခွင့်ရရှိမှာဖြစ်ပြီး ပရီမီယံ ဆက်လက် ပေးသွင်းစရာမလိုပါ။

မိမိကြိုက်နှစ်သက်သော ထပ်ဆောင်းအကာအကွယ်များကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူ ထားရှိနိုင်ပါသည်။

ကင်းလွတ်ခွင့်ကာလ ရှိပါသည်။ အာမခံပေါ်လစီ စတင်သည့်နေ့မှစ၍ (၂၁)ရက်အထိ ပေါ်လစီကို ပယ်ဖျက်ခြင်း (သို့) ရပ်စဲခြင်းများ လုပ်ဆောင်နိုင်ပါသည်။

ဘယ်အာမခံဝယ်ရမလဲဆိုတာ ရွေးချယ်ရခက်နေပြီလား

သင့်ဘဝ၏နေထိုင်မှုပုံစံ၊ ဝင်ငွေ နှင့်ကိုက်ညီသော အသက်အာမခံကို ဝယ်ယူနိုင်ရန်အတွက် အခုပဲ ဆက်သွယ်လိုက်ပါ။

အခြားဆက်စပ် ၀န်ဆောင်မှုများ

စိတ်ကြိုက်ကျန်းမာရေးအာမခံ

စိတ်ကြိုက်ကျန်းမာရေးအာမခံဟာဆိုရင် အသေးစားရောဂါများသာမက ပြင်းထန်ရောဂါများအတွက်ပါ  အကာအကွယ်ရနိုင်တာကြောင့် စိတ်အေးချမ်းလုံခြုံစေမယ့် ကျန်းမာရေးအာမခံတစ်ခုဖြစ်ပါတယ်။

စိတ်ကြိုက်စုငွေ အသက်အာမခံ

စိတ်ကြိုက်စုငွေ အသက်အာမခံဆိုတာ အာမခံအကျိုးခံစားခွင့်တွေ အပြည့်အဝရရှိနိုင်တဲ့အပြင် ရှင်သန်မှုအကျိုးခံစားခွင့်ကို လိုအပ်ပါက ထုတ်ယူခြင်း

မိဘမေတ္တာပညာရေးအာမခံ

မိမိရင်သွေးငယ်သားသမီးများရဲ့ ရှေ့ဆက်အနာဂတ်ပညာရေးအတွက် စိတ်အေးချမ်းသာမှုရှိစေဖို့ ရည်ရွယ်ပြီး မိဘများကိုယ်တိုင်ဝယ်ယူထားနိုင်တဲ့ အသက်အာမခံအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။