သင်နဲ့ သင့်မိသားစုရဲ့အနာဂတ်အတွက် မိသားစုအကာအကွယ်စုငွေ အသက်အာမခံ
လူကြီးမင်းတို့ရဲ့အနာဂတ် စိတ်ချရအောင် စီစဉ်ထားနိုင်ဖို့ အခွင့်အလမ်းတွေပိုများလာပါပြီ။ GGI Nippon Life ရဲ့ မိသားစုအကာအကွယ်စုငွေအသက်အာမခံနဲ့ဆိုရင် ကာလတစ်ခုအထိ ရည်မှန်းထားတဲ့ငွေပမာဏကို စုဆောင်းမိဖို့နဲ့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့် အရွယ်မတိုင်မီ အသက်ဆုံးရှုံးတဲ့အခါ ငွေကြေး အထောက်အပံ့ရစေဖို့ ရည်ရွယ်တဲ့ အာမခံအမျိုးအစားဖြစ်ပါတယ်။
ထူးခြားချက်များ
- အာမခံသက်တမ်းတစ်ခုလုံးအတွက် ပရီမီယံကြေးကို အလီလီခွဲသွင်းစရာမလိုဘဲ တစ်ကြိမ်တည်းသာ ပေးချေဖို့လိုအပ်ပါတယ်။
- သင့်စုငွေကာလနဲ့ ဘဝရည်မှန်းချက်တို့အပေါ်မူတည်ပြီး အာမခံသက်တမ်းကို ၃နှစ်၊ ၄နှစ် သို့မဟုတ် ၅နှစ် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
- ငါးနှစ်သက်တမ်းပေါ်လစီအတွက် အာမခံထားငွေစုစုပေါင်းရဲ့ (၇၁%) သာ ပေးသွင်းဖို့လိုအပ်ပါတယ်။
- နှစ်စေ့အကျိုးခံစားခွင့်အနေနဲ့ ပေါ်လစီသက်တမ်းပြည့်တဲ့အချိန်မှာ နှစ်စေ့ပေါ်လစီအရ အာမခံထားငွေကို အပြည့်အဝတစ်လုံးတည်း ထုတ်ပေးပါတယ်။
- မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေ ကြုံတွေ့ရမှုကြောင့် အရွယ်မတိုင်ခင် အသက်ဆုံးရှုံးတဲ့ အခါ သေဆုံးမှုအကျိုးခံစားခွင့်အဖြစ် သင့်မိသားစုထံ အာမခံထားငွေ အပြည့်အဝတစ်လုံးတည်း ထုတ်ပေးပါတယ်။
- အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်းရှိ မြန်မာနိုင်ငံသားများ ၊ မြန်မာနိုင်ငံတွင်
အကြောင်းအမျိုးမျိုးဖြင့် တရားဝင် လာရောက်နေထိုင်ကြသော နိုင်ငံခြားသားများ
မည်သူမဆိုမိသားစု အကာအကွယ်စုငွေအသက်အာမခံကို ဝယ်ယူခွင့်ရှိပါတယ်။
အရေးကြီးသောအချက်
- ဒီအာမခံအတွက် ပရီမီယံကြေးကို ချက်လက်မှတ်ဖြင့်ပေးချေခြင်း ဒါမှမဟုတ် ဘဏ်ကနေငွေလွှဲခြင်း နည်းလမ်းတို့နဲ့သာ အာမခံကုမ္ပဏီဆီ ပေးသွင်းရမှာဖြစ်ပါတယ်။
- လက်ရှိဝင်ငွေခွန်ဥပဒေများအရ မိသားစုအကာအကွယ်စုငွေ အသက်အာမခံအတွက် အာမခံထားသူရဲ့ ပရီမီယံကြေးဟာ အခွန်ကောက်ခံမှုကနေ ကင်းလွတ်ခွင့်ရှိပါတယ်။
ဥပမာ-
အသက် (၃၀) အရွယ်ရှိတဲ့ အာမခံဝယ်ယူသူတစ်ဦးက (၅)နှစ်သက်တမ်းအဆုံးမှာ မြန်မာကျပ်ငွေ
သိန်းတစ်ရာ့ငါးဆယ်ကို ထုတ်ယူနိုင်ဖို့ တစ်ကြိမ်စာပရီမီယံကြေးအဖြစ် မြန်မာကျပ်ငွေ
မြန်မာကျပ်ငွေ တစ်ရာ့ခြောက်သိန်း ငါးသောင်းသာ ပေးသွင်းဖို့လိုအပ်ပါတယ်။
အဓိကအကျိုးခံစားခွင့်များ
(၁) နှစ်စေ့ပေါ်လစီအရ အာမခံထားငွေကို နှစ်စေ့အကျိုးခံစားခွင့်အဖြစ် အပြည့်အဝ
တစ်လုံးတည်းထုတ်ပေးခြင်း။
(၂) အသက်အာမခံထားသူ၏ မမျှော်လင့်ထားသောဖြစ်ရပ်များကြုံတွေ့ရမှုကြောင့် အရွယ်မတိုင်ခင်သေဆုံးသည့်အခါ သေဆုံးမှုအကျိုးခံစားခွင့်အဖြစ် အာမခံထားငွေ အပြည့်အဝတစ်လုံးတည်း ထုတ်ပေးခြင်း။