ငွေစုတယ်ဆိုတဲ့ကိစ္စမှာ အခက်ခဲဆုံးအရာက စုမယ်ပြောပြီး တော်တော်နဲ့စမစုဖြစ်တာပါပဲ။ ငွေစုမယ်လို့စဥ်းစားလိုက်တာနဲ့ အချိန်မဆွဲဘဲ စစုလိုက်တာကအကောင်းဆုံးပါ။ ဒီနေ့မှာတော့ မိတ်ဆွေတို့ရဲ့နေ့စဥ်ဘဝမှာ ငွေစုတော့မယ်ဆိုရင် အဓိကကျတဲ့ အရေးအကြီးဆုံးအချက် (၃) ချက်ကို ပြောပြပေးသွားပါမယ်။
(၁) အသုံးစရိတ်ကို မှတ်တမ်းယူပါ
ပထမဦးဆုံး ငွေစစုတော့မယ်ဆိုတာနဲ့ အိမ်သုံးစားရိတ်တွေကစလို့ ကော်ဖီဝယ်သောက်တာအဆုံး သင့်ရဲ့လစဥ်ပုံမှန်အသုံးစရိတ်ကို မှတ်တမ်းယူတွက်ချက်ပြီး ပုံသေပမာဏတစ်ခုထားကာ သုံးစွဲသင့်ပါတယ်။ ဒါမှသာ လစဥ်အပိုကုန်ခြင်းများမှကာကွယ်နိုင်ပြီး ပုံမှန်ငွေပမာဏတစ်ခုကို လစဥ်စုနေနိုင်မှာပဲဖြစ်ပါတယ်။
(၂) အသုံးစားရိတ်ကို လျှော့ချပါ
သင့်ရဲ့တစ်လတာဝင်ငွေကနေ လစဥ်အသုံးစရိတ်ကိုဖယ်ပြီး ငွေစုရတဲ့အခါမှာ သင်စုချင်သလောက် မစုဖြစ်ဘူးလို့ခံစားနေရပါသလား။ အဲ့တာဆိုရင်တော့ သင့်ရဲ့ပုံမှန်အသုံးစရိတ်ကိုလျှော့ချပြီး ချွေတာသုံးစွဲသင့်နေပါပြီ။ မဖြစ်မနေလိုအပ်တဲ့ အသုံးစရိတ်များကလွဲရင် အပိုကုန်ငွေများကိုလျှော့ချမှသာ များများပိုစုနိုင်မှာဖြစ်ပါတယ်။
(၃) ပန်းတိုင်တစ်ခု သတ်မှတ်ပါ
ငွေစုတဲ့အခါမှာ ဘယ်အချိန်အတွင်း ဘယ်လောက်ပမာဏရရမယ်ဆိုပြီး ပန်းတိုင်တစ်ခုသတ်မှတ်ကာ ငွေစုသင့်ပါတယ်။ သင်ရည်ရွယ်ထားတဲ့ ငွေပမာဏကိုစုပြီးသွားတဲ့အခါ အဲ့ငွေတွေနဲ့ဘာလုပ်မယ်ဆိုတာကို ရည်မှန်းချက်ထားတာကလည်း ငွေစုတဲ့အခါမှာအလွန် အထောက်အကူပြုပြီး လစဥ်ငွေစုဖို့အတွက် ပိုမိုအားတက်စေပါတယ်။
ဒီအချက် (၃) ချက်ကိုလိုက်နာပြီး ငွေစုတော့မယ်ဆိုရင် လစဥ်သင့်ရဲ့အသုံးစရိတ်ကို ပုံမှန်စောင့်ကြည့်ကာ သတ်မှတ်ငွေပမာဏကို မှန်မှန်စုသင့်ပါတယ်။ ဒါမှသာ သင်ရည်ရွယ်ထားတဲ့ ငွေပမာဏကိုအမြန်ဆုံး စုနိုင်မှာပဲဖြစ်ပါတယ်။