အသက်အာမခံ

အသက်အာမခံပေါ်လစီက ကိုယ်တန်ဖိုးထားချစ်ခင်ရသူတွေ သေဆုံးတဲ့အခါ သို့မဟုတ် ထာဝစဉ်မသန်စွမ်း ဖြစ်သွားတဲ့အခါမှာ အကာအကွယ်ပေးမှာဖြစ်ပါတယ်။ ဘယ်သူမဆို အဲဒီလို ကံမကောင်းအကြောင်းမလှတဲ့ ဖြစ်ရပ်ကနေ ပြန်လည်နာလန်ထူဖို့ လူအားရော ငွေအားပါ လိုအပ်မှာအမှန်ပါပဲ။ အဲဒီအတွက် လိုအပ်တဲ့ငွေကြေးကို ဒီပေါ်လစီက တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ပေးသွားမှာပါ။

  • နှစ်စေ့အကျိုးခံစားခွင့် – နှစ်စေ့ပေါ်လစီအရ အာမခံထားငွေ အပြည့်အဝ တစ်လုံးတည်းထုတ်ပေးခြင်း။
  • အခြားပေါ်လစီခံစားခွင့်များ – ပေါ်လစီကို စာရင်းပိတ်ခြင်း၊ အမ်းငွေထုတ်ယူခြင်း၊ ချေးငွေရနိုင်ခြင်း စသည့် အခြားပေါ်လစီခံစားခွင့်များ ရယူနိုင်ခြင်း။
  • ပရီမီယံကင်းလွတ်ခွင့် – သေဆုံးခြင်း သို့မဟုတ် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် ပေးသွင်းရန်ကျန်သည့် ပရီမီယံအားလုံး ကင်းလွတ်ခွင့်ရရှိခြင်း။
  • တစ်ဦးချင်းအာမခံ သို့မဟုတ် အစုအဖွဲ့အာမခံ နှစ်မျိုးလုံး ထားရှိနိုင်ခြင်း။
CALL ME BACK

သင်နဲ့ သင့်မိသားစုအတွက် စိတ်အေးချမ်းသာမယ့်အနာဂတ်ကို GGI Nippon Life အသက်အာမခံ နဲ့ အတူ ဖော်ဆောင်နိုင်ဖို့ ခုပဲဆက်သွယ်လိုက်ပါ။

ဆက်သွယ်ရန်