Insurance Asia Awards 2022 မှ ချီးမြှင့်တဲ့ “International Life Insurer of the Year – Myanmar” ဆုကို မြန်မာနိုင်ငံရှိ အသက်အာမခံဝန်ဆောင်မှုတွေထဲကမှ GGI Nippon Life က ၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ် မှာ (၂) နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ပါတယ်။

အာမခံလုပ်ငန်းတွေအတွက် တန်ဖိုးအရှိဆုံး နဲ့ အမြင့်ဆုံး ဆုတွေကို စိစစ်ရွေးချယ်ပေးနေတဲ့ Insurance Asia Awards ကနေ ကျွန်တော်တို့ရဲ့ လွယ်ကူမြန်ဆန်အသက်အာမခံ ဝန်ဆောင်မှုအတွက် “New Insurance Product of the Year – Myanmar” ဆုကို ထပ်မံရရှိခဲ့ပါသေးတယ်။  ခုလို မြန်မာနိုင်ငံအတွက် ဆု ၂ ဆု ရယူပေးနိုင်ခဲ့တဲ့ အတွက် အတိုင်းမသိ ဂုဏ်ယူမိသလို မြန်မာနိုင်ငံရဲ့ အာမခံနယ်ပယ်မှာ ကျွန်တော်တို့က ဦးဆောင်သူတွေဖြစ်ကြောင်းကို ပိုမိုသေချာစေခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အာမခံဝယ်ယူထားတဲ့ Customer များကို မှန်ကန်ကောင်းမွန်တဲ့ အာမခံ ဝန်ဆောင်မှု ဆောင်ရွက်ပေးနေကြောင်း ပိုမိုပေါ်လွင်စေခဲ့ပါတယ်။

စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ကာလမှာ ဒီလို ဂုဏ်သိက္ခာအမြင့်မားဆုံး ဆု ၂ ဆုကို ရယူပေးနိုင်အောင် ကြိုးစားပေးခဲ့ကြတဲ့ GGI Nippon Life ရဲ့ မိတ်ဖက်လုပ်ငန်းရှင်ကြီးများ နှင့် လုပ်ဖော်ကိုင်ဖက်များကို ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ ရှေ့ဆက်ပြီးလည်း မြန်မာနိုင်ငံသားများအတွက် ဒီ့ထက်မကအကျိုးဖြစ်ထွန်းစေမယ့် အာမခံကုမ္ပဏီ တစ်ခုအဖြစ် အစဥ်ရပ်တည် သွားနိုင်အောင် ဆက်လက်ကြိုးစားသွားပါ့မယ်လို့ ကတိပြုပါတယ်။