GGI Nippon Life ရဲ့ အသစ်ထွက်ရှိထားတဲ့ FlexiHeath (စိတ်ကြိုက်ကျန်းမာရေးအာမခံ) အသစ် မိတ်ဆက်ပွဲကို မန္တလေးမြို့ရှိ Mingalar Mandalay Hotel မှာပြီးခဲ့တဲ့ ဧပြီလ (၇) ရက်နေ့က စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။

အဆိုပါပွဲမှာဆိုရင် စိတ်ကြိုက်ကျန်းမာရေးအာမခံကို ဝယ်ယူလိုက်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူး များကိုရှင်းလင်းတင်ပြ၍ မိတ်ဆက်ခဲ့ပြီး “Securing Your Health & Your Future with FlexiHealth” Insurance Literacy Talk Show အတွက် အာမခံကျွမ်းကျင်ပညာရှင် ဒေါက်တာ အေးနုလွင်၊ Area Manager ဒေါက်တာထက်လင်းဇော်၊ အစီအစဉ် တင်ဆက်သူ မစောယုနွယ် နှင့် Social Influencer မမေအိတို့မှ အပြန်အလှန် ဆွေးနွေး‌တင်ဆက်ခဲ့ကြပါတယ်။

ပွဲကိုတက်ရောက်ခဲ့ကြသော မန္တလေးမြို့ မှဧည့်သည်တော်များနှင့် အဆိုပါပွဲတွင်စိတ်ကြိုက်ကျန်းမာရေး ကို ဝယ်ယူခဲ့ကြသော Customer များအတွက် ကံစမ်းမဲလက်ဆောင်များဖောက်ပေးခြင်း အစီအစဉ်များ နှင့် ကျွေးမွေးဧည်ခံခြင်းများပြုလုပ်ခဲ့ကြပါတယ်။

စိတ်ကြိုက်ကျန်းမာရေးအာမခံဟာဆိုရင် အသေးစားရောဂါများသာမက ပြင်းထန်ရောဂါများအတွက်ပါ အကာအကွယ်ရနိုင်တဲ့ ပြီးပြည့်စုံသောကျန်းမာရေးအာမခံတစ်ခုဖြစ်ပါတယ်။ အာမခံသက်တမ်း နှစ်(၂၀) ထိအများဆုံးဝယ်ယူနိုင်မယ့် တစ်ခုတည်းသော အာမခံအမျိုးအစားဖြစ်တာကြောင့် နောက်ဆယ်စုနှစ် (၂)ခုတိုင်အောင် ကျန်းမာရေးအတွက် စိတ်ချထားလို့ရနိုင်မှာဖြစ်ပါတယ်။ စိတ်ကြိုက်ကျန်းမာရေးအာမခံ ဟာဆိုရင် မတော်တဆထိခိုက်မှုများအတွက်လည်း အကာအကွယ်ရနိုင်တဲ့အပြင် မြန်မာနိုင်ငံသားများရဲ့ ဘဝနေထိုင်မှုပုံစံနှင့်လိုက်ဖက်ပြီး အာမခံအကာအကွယ်ပမာဏကိုလည်း အံဝင်ခွင်ကျဖြစ်စေရန်ရေးဆွဲထားတာကြောင့် မမျှော်လင့်ထားတဲ့ ဆေးဘက်ဆိုင်ရာကုန်ကျစရိတ်များနဲ့ ပိုမိုပြင်းထန်ကျယ် ပြန့်သောကျန်းမာရေးပြဿနာများကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် စိတ်ကြိုက်ကျန်းမာရေးအာမခံနဲ့ ကျန်းမာတဲ့အနာဂတ်အတွက် သေချာအောင် ဒီနေ့ပဲ ကတိပြု လိုက်ပါ။