အာရှပစိဖိတ်ဒေသတွင်းတစ်နှစ်တာအကောင်းဆုံးအာမခံဝန်ဆောင်မှု ဆု ၂ ဆုကို ယခုနှစ်အတွက် GGI Nippon Life ကနေ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါပြီ။

အာမခံလုပ်ငန်းတွေအတွက် တန်ဖိုးအရှိဆုံး နဲ့ အမြင့်ဆုံး ဆုတွေကို စိစစ်ရွေးချယ်ပေးနေတဲ့ Insurance Asia Awards ကနေ ကျွန်တော်တို့ရဲ့ နိုင်ငံတကာအဆင့်မှီ ကျွမ်းကျင်မှုအပြင် မြန်မာနိုင်ငံ၏နောင်လာမယ့်မျိုးဆက်သစ်ခေါင်းဆောင်လေးတွေရဲ့အနာဂတ်ကိုအထောက်အကူပြုနိုင်တဲ့ မိဘမေတ္တာပညာရေးအာမခံကိုအသိအမှတ်ပြုတဲ့အနေနဲ့ International Life Insurer of the Year – Myanmar ဆု နဲ့ New Insurance Product of the Year – Myanmar ဆု ကို ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ ခုလို မြန်မာနိုင်ငံအတွက် ဆု ၂ ဆု ရယူပေးနိုင်ခဲ့တဲ့ အတွက် အတိုင်းမသိ ဂုဏ်ယူမိသလို မြန်မာနိုင်ငံရဲ့ အာမခံနယ်ပယ်မှာ ကျွန်တော်တို့က ဦးဆောင်သူတွေဖြစ်ကြောင်းကို ပိုမိုသေချာစေခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အာမခံဝယ်ယူထားတဲ့ Customer များကို မှန်ကန်ကောင်းမွန်တဲ့ အာမခံ ဝန်ဆောင်မှု ဆောင်ရွက်ပေးနေကြောင်း ပိုမိုပေါ်လွင်စေခဲ့ပါတယ်။

စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ကာလမှာ ဒီလို ဂုဏ်သိက္ခာအမြင့်မားဆုံး ဆု ၂ ဆုကို ရယူပေးနိုင်အောင် ကြိုးစားပေးခဲ့ကြတဲ့ GGI Nippon Life ရဲ့ မိတ်ဖက်လုပ်ငန်းရှင်ကြီးများ နှင့် လုပ်ဖော်ကိုင်ဖက်များကို ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ ရှေ့ဆက်ပြီးလည်း မြန်မာနိုင်ငံသာားများအတွက် ဒီ့ထက်မကအကျိုးဖြစ်ထွန်းစေမယ့် အာမခံကုမ္ပဏီ တစ်ခုအဖြစ် အစဥ်ရပ်တည် သွားနိုင်​အောင် ဆက်လက်ကြိုးစားသွားပါ့မယ်လို့ ကတိပြုပါတယ်