Grand Guardian Nippon Life Co., Ltd (“GGI Nippon Life”) သည် Insurance Asia Awards တွင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် မှာ ဆုများ ဆွတ်ခူးနိုင်ခဲ့တဲ့အကြောင်း ဂုဏ်ယူစွာ အသိပေးအကြောင်းကြားလိုပါတယ်။ ဆုရွေးချယ်ရာတွင် ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ ဒုတိယမြောက်နှစ်မှာလည်း International Life Insurer of the Year – Myanmar ဆုရှင်အဖြစ် ထပ်မံရွေးချယ်ခံခဲ့ရပါတယ်။ ထို့အပြင် လူတိုင်းရဲ့လိုအပ်ချက်နှင့်ကိုက်ညီမယ့် အာမခံ ဝန်ဆောင်မှုပေးနိုင်ဖို့ ပြင်ဆင်ထားတဲ့ လွယ်ကူမြန်ဆန်အသက်အာမခံအတွက် “New Insurance Product of the Year – Myanmar” ဆုကိုလည်း ထပ်မံရရှိခဲ့ပါတယ်။

GGI Nippon Life ရဲ့ Chief Executive Officer Mr. Tan Yeow Hau မှ “Insurance Asia Awards မှ ဆု (၂) ဆု ကို ထပ်မံ လက်ခံရရှိခဲ့တဲ့အတွက်လည်း ဝမ်းမြောက်ဝမ်းသာနဲ့ ဂုဏ်ယူမိပါတယ်။ ဒီဆုတွေဟာ မြန်မာနိုင်ငံက customer တွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ အားသွန်ခွန်စိုက် အားထုတ်ကြိုးပမ်းခဲ့ကြတဲ့ ဝန်ထမ်းများအားလုံးကို အသိအမှတ်ပြုတဲ့ ဆုတွေလည်း ဖြစ်ပါတယ်။ ဆက်လက်ပြီး customer များထံသို့ စိတ်အေးချမ်းသာမှုတွေပေးနိုင်ပြီး မြန်မာ့လူ့အဖွဲအစည်းအတွက် ပံ့ပိုးကူညီမှုတွေလည်း အမြဲလုပ်ဆောင်နိုင်ဖို့ ပိုပြီး ကြိုးပမ်းအားထုတ်သွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Insurance Asia Awards သည် အာရှပစိဖိတ်ဒေသတွင်း အမျိုးမျိုးသော ဈေးကွက်စိန်ခေါ်မှုတွေ အလိုက် customer တွေရဲ့ လိုအပ်ချက်တွေကို အမြဲ အောင်မြင်စွာ ဖော်ဆောင်အဖြေရှာနိုင်တဲ့ အာမခံဝန်ဆောင်မှု လုပ်ငန်းတွေကို ဂုဏ်ပြုလေ့ရှိပြီး ဘဏ္ဍာရေး နဲ့ အာမခံနယ်ပယ်မှာ ဦးဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

“ International Life Insurer of the Year – Myanmar” ဆုဟာ လွန်ခဲ့တဲ့နှစ်အတွင်းများစွာသော လုပ်ဆောင်မှု တွေမှာ ထူးချွန်စွာ ဦးဆောင်ခဲ့တဲ့ GGI Nippon Life ရဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြုတဲ့ ဆုတစ်ခုလည်း ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ဆိုတာ ဈေးကွက်ထဲမှာ ဝန်ဆောင်မှုအသစ်တွေ ဦးစွာဖန်တီးမှုတွေ၊ အမျိုးသမီးများ အတွက်ဝင်ငွေအခွင့်အလမ်းများဖန်းတီးပေးမှု၊အရောင်းလုပ်ငန်းစဥ်တွေမှာလွယ်ကူထိရောက်မှုရှိစေဖို့နည်းပညာ နဲ့ ဒစ်ဂျစ်တယ် ပေါင်းစပ်အသုံးပြုမှုတွေအပြင် COVID-19 ရန်ပုံငွေမတည်ပြီး လိုအပ်နေတဲ့သူတွေကို ကူညီ ထောက်ပံ့မှု စတာတွေ ပါဝင်ပါတယ်။

မြန်မာလူမျိုးများအတွက် အကောင်းဆုံးအသက်အာမခံဝန်ဆောင်တွေပေးနေတဲ့ GGI Nippon Life က အနာဂတ် ၏ မျိုးဆက်သစ်များ၊ အမျိုးသမီးများ၊ မိသားစုတွင် အဓိကဦးစီးပြီး ဝင်ငွေရှာဖွေနေသူများ၊ မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အဓိကအထောက်အပံ့ကောင်းတစ်ခုအဖြစ်ပါဝင်ကူညီနေသည့် တောင်သူလယ်သမား လုပ်သား ပြည်သူများကို ကူညီပံ့ပိုးလျက်ရှိပါတယ်။

လွယ်ကူမြန်ဆန်အသက်အာမခံသည် “ New Insurance Product of the Year – Myanmar “ ဆုကို ၊ ဆန်းသစ် တီထွင်မှုနဲ့ ထူးခြားကောင်းမွန်သော အကျိုးသက်ရောက်မှု စတဲ့ အချက်တွေပေါ် မူတည်ပြီး ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လွယ်ကူမြန်ဆန်အသက်အာမခံသည် ဘဝမှာ မမြင်နိုင်တဲ့ ဆုံးရှုံးမှုတွေ ရှိလာခဲ့ရင် ကြိုတင် ကာကွယ်ပေးနိုင်ပြီး မိသားစုဝင်တွေအတွက် စိတ်အေးချမ်းသာမှုတွေ ပေးစွမ်းနိုင်ဖို့ ဖန်တီးထားတဲ့ ဝန်ဆောင်မှု လည်း ဖြစ်ပါတယ်။

လွယ်ကူမြန်ဆန် အသက်အာမခံဟာ သင့်တင့်မျှတသော နှုန်းထားဖြင့် လူတန်းစားမရွေး အလွယ်တကူ ဝယ်ယူ နိုင်ပါတယ်။ ဒါ့အပြင် မိမိလိုအပ်သလို အာမခံထား‌ငွေပမာဏနဲ့ အာမခံသက်တမ်းအားဖြင့် တစ်ပတ်ကနေ တစ်နှစ်အထိ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ခံစားခွင့်မျိုးစုံ ပေးထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အသက်အာမခံ ဝန်ဆောင်မှု လည်း ဖြစ်ပါတယ်။

Insurance Asia Awards ဆိုတာ Charlton Media Group ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Insurance Asia မှ ဦးစီးကျင်းပတဲ့ ဆုပေးပွဲတစ်ခုလည်း ဖြစ်ပါတယ်။ The Insurance Asia Awards 2022 မှာ Deloitte ၊ KPMG ၊ Milliman နဲ့ PwC တို့လို အထင်ကရ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေက အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ကြပါတယ်။

Insurance Asia Awards 2021 မှာ GGI Nippon Life မှ “International Life Insurer of the Year – Myanmar” ဆု နဲ့ မိဘမေတ္တာ ပညာရေးအာမခံ ဖြင့် “New Insurance Product of the Year – Myanmar” ဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပါသေးတယ်။