MAB Bank နှင့် GGI Nippon Life Insurance တို့သည် Customer များအား အကောင်းဆုံးဝန်ဆောင်မှုများကို ပေးစွမ်းချင်သည့် စိတ်အားထက်သန်မှုကိုအခြေခံပြီး “ One Team, One Dream, Customer First” ပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ(၂) ရက်နေ့တွင်ပြုလုပ်ဖြစ်ခဲ့ပါသည်။

MAB နှင့် GGI Nippon Life တို့သည် ၂၀၁၉ ခုနှစ်တွင် Bancassurance Partnership ပြုလုပ်ခဲ့ပြီး Customer များအား ဘဏ်လုပ်ငန်းနှင့် အသက်အာမခံလုပ်ငန်းကြား အဆင်ပြေချောမွေ့သည့် ဝန်ဆောင်မှုများကို အကောင်းဆုံးပေးစွမ်းနိုင်ရန်ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုစတင်ပြီး သိပ်မကြာခင်အချိန်တွင် မထင်မှတ်ထားသော စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရပါသည်။ ကမ္ဘာတစ်ဝှမ်းမပြင်ဆင်ထားသည့် အခြေအနေများကိုကြုံတွေ့ခဲ့ရပြီး MAB နှင့် GGI Nippon Life တို့၏ ပူးပေါင်းဆောင်ရွက်မှုသည်လည်း ကပ်ရောဂါ၏ဆိုးဝါးမှုများနှင့် နောက်ဆက်တွဲအကျပ်အတည်းများကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့ရပါသည်။

သို့ပေမယ့်လည်း MAB နှင့် GGI Nippon Life တို့သည် ဤအခက်အခဲများကြား Customer များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဝန်ဆောင်မှုများကို အခြေအနေများအပေါ်မူတည်ပြီး လိုက်လျောညီထွေဖြစ်အောင် မြှင့်တင်ပေးခဲ့ပါသည်။ ထိုလုပ်ဆောင်မှုများဖြင့် MAB နှင့် GGI Nippon Life ပူးပေါင်းဆောင်ရွက်မှု၏ ခိုင်မာမှုများကို သက်သေထူနိုင်ခဲ့ပါသည်။

ယခုအခါ MAB နှင့် GGI Nippon Life အနေဖြင့် “ One Team, One Dream, Customer First” ပွဲအား ပြုလုပ်ပြီး စာမျက်နှာသစ်တစ်ခုဖွင့်လှစ်လိုက်ချိန်တွင် ယခင်ကကျော်ဖြတ်ခဲ့သည့် စိန်ခေါ်မှုအခက်အခဲများ၊ သင်ခန်းစာများကို ပြန်လည်သုံးသပ်ပြီး ရှေ့ဆက်အောင်မြင်မှုများရနိုင်ရန် လုပ်ဆောင်သွားမှာဖြစ်ပါသည်။ ဤလက်တွဲလုပ်ဆောင်မှုသည် ကုမ္ပဏီအဖွဲ့အစည်း (၂)ခု၏ ပူးပေါင်းဆောင်ရွက်မှုတစ်ခုမျှသာမဟုတ်ပဲ ကျွမ်းကျင်မှုများ၊ ဆန်းသစ်တီထွင်မှုများနှင့် တူညီသည့်အမြင်များကိုပေါင်းစည်းပြီး လုပ်ဆောင်သွားကြမည့် ခြေလှမ်းသစ်တစ်ခုဖြစ်ပါသည်။