Grand Guardian Nippon Life Insurance Co., Ltd (“GGI Nippon Life”) သည် ၂၀၂၃ ခုနှစ်အတွက် Insurance Asia Awards မှ ပေးအပ်ချီးမြှင့်သည့်   International Life Insurer of the Year – Myanmar နှင့် New Insurance Product of the Year – Myanmar (Flexi Life) တို့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါသည်။

အဆိုပါ ဆုရရှိခဲ့ခြင်းနှင့် ပတ်သက်၍ GGI Nippon Life အသက်အာမခံဝန်ဆောင်မှုလုပ်ငန်း၏ Chief Executive Officer ဖြစ်သူ Mr. Tan Yeow Hau က “Insurance Asia Awards မှ ချီးမြှင့်သည့် ဆု (၂) ဆုကို အခုလို ၂၀၂၃ ခုနှစ်တွင်လည်း ထပ်မံလက်ခံရရှိခဲ့တဲ့အတွက် ဝမ်းမြောက်ဝမ်းသာနဲ့ ဂုဏ်ယူမိပါတယ်။ ဒီဆုတွေဟာ မြန်မာပြည်သူ/ပြည်သားတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ အကောင်းဆုံး ဝန်ဆောင်မှုတွေပေးနိုင်ဖို့ အတွက် အားသွန်ခွန်စိုက် အားထုတ်ဆောင်ရွက်ခဲ့ကြတဲ့ ဝန်ထမ်းများအားလုံးရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ ရခဲ့တဲ့ ဆုတွေ ဖြစ်ပါတယ်။ ဆက်လက်ပြီး အာမခံဝယ်ယူသူများကို စိတ်အေးချမ်းသာမှုတွေ ပေးနိုင်ပြီး မြန်မာ့လူ့အဖွဲအစည်းအတွက် အထောက်အကူဖြစ်စေမယ့် ပံ့ပိုးကူညီမှုတွေလည်း စဉ်ဆက်မပြတ် လုပ်ဆောင်သွားနိုင်ဖို့ ပိုပြီး ကြိုးပမ်းအားထုတ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

GGI Nippon Life အသက်အာမခံဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၂၁ ခုနှစ်တွင် Insurance Asia Awards မှ ပေးအပ်ချီးမြှင့်သော ဆုများ ဖြစ်သည့်   International Life Insurer of the Year (Myanmar) နှင့် New Insurance Product of the Year – Myanmar (Student Life) ဆုများကို ရရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင်လည်း    International Life Insurer of the Year (Myanmar) နှင့် New Insurance Product of the Year – Myanmar (Simple Life) ဆုများထပ်မံရရှိခဲ့ပြီး၊ ယခု ၂၀၂၃ ခုနှစ်တွင် International Life Insurer of the Year (Myanmar) ဆုကို (၃) နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် Flexi Life Product ဖြင့် New Insurance Product of the Year – Myanmar ကိုလည်း ရရှိခဲ့ပါသည်။

Insurance Asia Awards သည် အာရှပစိဖိတ် ဒေသတွင်းနိုင်ငံများရှိ ဈေးကွက်အတွင်း စိန်ခေါ်မှုအမျိုးမျိုးကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့သည့် အာမခံ ကုမ္ပဏီများအား နှစ်စဉ်ရွေးချယ်ဂုဏ်ပြုကာ  ချီးမြှင့်သည့် ထိပ်တန်းအဆင့် ဘဏ္ဍာရေးဆိုင်ရာ ဆုတံဆိပ်တစ်ခု ဖြစ်ပါသည်။

The Insurance Asia Awards 2023 တွင် HSBC ၊ NMG Consulting ၊ AIG Japan နှင့် GIC Re စသည့် အထင်ကရ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အဖွဲ့ဝင်များမှ အကဲဖြတ်ဒိုင်များအဖြစ် ပါဝင်ခဲ့ကြပါသည်။

GGI သည် ၂၀၁၉ ခုနှစ်မှစတင်၍ ဂျပန်နိုင်ငံ၏ အသက်အာမခံလုပ်ငန်းဈေးကွက်တွင် ထိပ်တန်းမှ ဦးဆောင်လျက်ရှိသည့် Nippon Life နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ Nippon Life ၏ နိုင်ငံတကာအတွေ့အကြုံများနှင့် GGI ၏ ပြည်တွင်း အတွေ့အကြုံများပူးပေါင်း၍ မြန်မာပြည်သူ/ ပြည်သားများအတွက် အရည်အသွေးအမြင့်ဆုံးနှင့် နိုင်ငံတကာအဆင့်မှီ အကောင်းဆုံးအသက်အာမခံ ဝန်ဆောင်မှုများ ပေးအပ်ခဲ့သောကြောင့် ယခုကဲ့သို့ (၃)နှစ်ဆက်တိုက် ဆုများရရှိခဲ့ခြင်း ဖြစ်ပါသည်။

GGI Nippon Life အသက်အာမခံဝန်ဆောင်မှုလုပ်ငန်းသည် အောက်ပါမူဝါဒနှင့် မျှော်မှန်းချက်များကို လက်ကိုင်ထား၍ အသက်အာမခံအမျိုးအစားများစွာကို အကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

GGI Nippon Life ၏မူဝါဒ

မေတ္တာ၊ ဂရုဏာ နှင့် ဂုဏ်သိက္ခာ တို့ကိုစံထားပြီး မြန်မာပြည်သူ/ပြည်သားများအတွက် အထောက်အကူ ဖြစ်စေမည့် ကမ္ဘာအဆင့်မှီ အသက်အာမခံဝန်ဆောင်များမှုပေးရန်။

GGI Nippon Life ၏ မျှော်မှန်းချက်

မြန်မာပြည်သူ/ ပြည်သားများအတွက် ပိုမိုကောင်းမွန်ပြီး အကျိုးဖြစ်ထွန်းစေမည့် ပတ်ဝန်းကျင်ကောင်းတစ်ခု ပြုစုပျိူးထောင်ရာတွင် ခွန်အားနှင့် အထောက်အပံ့ကောင်းတစ်ခုဖြစ်စေရန်။

GGI Nippon Life အသက်အာမခံဝန်ဆောင်မှုလုပ်ငန်းသည် Insurance Asia Awards မှ ပေးအပ်ချီးမြှင့်သော အကောင်းဆုံး အသက်အာမခံဝန်ဆောင်မှုလုပ်ငန်းဆုများကို ၂၀၂၁ ခုနှစ်မှစ၍ ၂၀၂၃ နှစ်အထိ ၃ နှစ်တိုင် ဆွတ်ခူးရရှိခဲ့သည့်အားလျော်စွာ နောင်လာမည့်နှစ်များတွင်လည်း ထပ်မံ၍ အကောင်းဆုံးဆုများရရှိအောင် စွမ်းစွမ်းတမံ ကြိုးစားအားထုတ်လျက် မြန်မာပြည်သူ/ပြည်သားများအတွက် အကောင်းဆုံး အသက်အာမခံ ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ရပ်တည်သွားမည်ဖြစ်ပါသည်။

GGI Nippon Life အသက်အာမခံဝန်ဆောင်မှုပေးနေသည့် နေရာများ၊ အာမခံဝန်ဆောင်မှုများနှင့်  အသေးစိတ် အချက်အလက်များကို သိရှိလိုပါက www.gginipponlife.com  (သို့) https://www.facebook.com/gginl မှာ ဝင်ရောက် လေ့လာနိုင်ပါသည်။

ရန်ကုန်ရုံးချုပ်

No. 485, Corner of Pyay Road and Narnattaw Street, Kamayut Township, Yangon.

အမှတ် (၄၈၅) ၊ပြည်လမ်းနှင့် နာနတ်တောလမ်းထောင့်၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။